Friday 21 September 2012

ကွန်ပျုတာကို 3D Leaves နဲ့အလှဆင်ရအောင်

သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို သစ်ရွက်လေးနဲ့ အလှဆင်ကြည့်ရအောင်နော် ...ဒါလေးကလည်းဒီဇိုင်းတမျိုးလေးပေါ့ ထက်ထက်အရင်တစ်ခါက တင်ပေးထားတာက Screen မှာအသဲပုံလေးနဲ့ ပန်းလေးတွေပါ... အခုက သစ်ရွက်လေးတွေပါ ...စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော်... ဒီဇိုင်းတမျိုးလေးနဲ့အရမ်းလှတာ... ထက်ထက်စမ်းသပ်ပြီးပြီ ...လုပ်ပုံလုပ်နည်းကို အောက်မှာပုံလေးနဲ့ရှင်းပြထားပါတယ် ...


မှာဒေါင်းလိုက်နော်...
ဒေါင်းပြီးလို့ Install လုပ်ပြီးတာနဲ့ မိမိရဲ့ ကွန်ပျုတာ Screen မှာ  သစ်ရွက်လေးတွေ အများကြီး ကိုတွေ့ရပါလိမ့်မယ်... ပြီးရင် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ...


3D Leaves ဆိုတဲ့ဘောက်စ်လေးမှာ သစ်ရွက်လေးတွေကို အနည်းအများ ဒါမှမဟုတ် သစ်ရွက်လေးတွေအများကြီးထွက်လာအောင် ကိုယ်ကြိုက်သလောက် ချိန်လို့ရပါတယ်...
ကိုယ်ကြိုက်သလောက်ချိန်ပြီးပြီဆိုရင်ဘောက်စ်လေးကိုပိတ်လိုက်တာနဲ့နောက်ထပ်ဘောက်စ်တခု ထွက်လာပါလိမ့်မယ်နော်... အဲဒီမှာ OK ကိုနှိပ်လိုက်ပါ...


အားလုံးပြီးသွားပြီဆိုရင် မိမိရဲ့ကွန်ပျုတာ Screen ပေါ်မှာ 3D Leaves ဆိုတဲ့ Software လေးရောက်ရှိသွားပါပြီနော်... Screen ပေါ်မှာ သစ်ရွက်လေးတွေစတင် လှုပ်ရှားနေပါပြီနော်...
ကိုယ်က သစ်ရွက်လေးတွေကိုမလိုချင်တော့ဘူး ပိတ်လို့ရပါတယ်.... သစ်ရွက်လေးတွေကို ဖွင့်ချင်တယ် ပိတ်ချင်တယ် ဆိုရင်အောက်ကပုံလေးမှာကြည့်လိုက်နော်....


သူငယ်ချင်းတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် ... ထက်ထက်ကိုယ်တိုင်စမ်းသပ်ပြီးလို.တင်ပေးလိုက်တာပါ... အားတဲ့အချိန်ရှိရင်စမ်းသပ်ကြည့်လိုက်နော်...
(သူငယ်ချင်း ထက်ထက်က ပို.ပေးထားတဲ့ ပို.စ်လေးပါ...ပျော်ရွှင်ကြပါစေ...)



No comments:

Post a Comment

Back to the Top

free counters

မန်ဘာသူငယ်ချင်းများ

online မင်းသား - နည်းပညာ blog
online မင်းသားကို အီးမေးလ်ကတဆင့် နည်းပညာများ၊ကိုယ်ပိုင်ကဗျာများ ပို.ပေးနိုင်ပါတယ်...သူငယ်ချင်းတို.ရဲ.နာမည်နဲ.တကွ ပို.စ်တင်ပေးသွားမှာပါ...
  • အမည်ရင်းကိုရေးပေးပါ
  • ဒီအမည်နဲ. ပို.စ်တင်ပေးမှာပါ
  • မရေးချင်ပါကလည်း ရပါသည်
  • Browse ကိုနှိပ်ပြီး လိုချင်သည့်ပုံ (သို.) software ရွေးပေးပါ
Submit ဆိုတဲ့စာတန်းကိုနှိပ်ပေးပါရန်အရမ်း ကျေးဇူးတင်ပါတယ် သူငယ်ချင်း
online မင်းသား